View this post on Instagram

ဖေ့စ်ဘွတ်မှာ မိတ်မပျက်ချင်ဘူးဆိုရင် (၁) ခွင့်ပြုချက်မရဘဲ တခြားသူတွေရဲ့ ပုံတွေကို မတင်နဲ့။ ဆိုရှယ်မီဒီယာမှာ ပုံတွေရှဲလ်တာနဲ့ ပတ်သက်ရင် လူတွေက အရမ်းအကန့်အသတ် ရှိပါတယ်။ မိတ်ဆွေဆိုရင်ရော ကိုယ့်ခွင့်ပြုချက်မတောင်းဘဲ ကိုယ့်ပုံကို တင်တာ ကြိုက်မလား။ (၂) ဒေါသထွက်နေချိန်မှာ ဖေ့စ်ဘွတ်မသုံးတာ ပိုကောင်းတယ်လို့ ပြောရမယ်။ တခြားသူတွေကို ပြသနာရှာဖို့ ဆိုရှယ်မီဒီယာကို မသုံးသင့်ဘူး။ ကိုယ့်ရဲ့လူမှုရေးပြသနာကိုလည်း ဆိုရှယ်မီဒီယာမှာ ချမပြသင့်ဘူး။ ကိုယ့်ရဲ့ချစ်သူ အိမ်ထောင်ဘက်က ကိုယ့်အပေါ် သစ္စာဖောက်တာကု တလောကလုံး သိစေချင်လား။ ဆိုရှယ်မီဒီယာကို ပျော်ရွှင်မှုတွေနဲ့ အကောင်းမြင်စိတ်တွေ ဖြန့်ဖို့သာ အသုံးပြုသင့်တယ်။ ဒေါသနဲ့ တုံ့ပြန်တဲ့ ကောမန့်မျိုးလည်း မပေးဖို့ ဂရုစိုက်ပါ။ (၃) သေချာမစဉ်းစားပဲ ပို့စ်မတင်နဲ့။ ကိုယ့်ပါတီရဲ့ပုံကို တင်တာ တင်လို့ရပါတယ်။ ဒါပေမယ့် ပါတီမှာ သူငယ်ချင်းတွေနဲ့ ကဲနေတဲ့ပုံကို တင်တဲ့အခါ အဖိတ်မခံရတဲ့ သူတွေ ၀မ်းနည်းနိုင်တာ သတိရပါ။ မိမိတင်တဲ့ ပို့စ်က တခြားသူကို ထိခိုက်မှု ရှိမရှိ သေချာစဉ်းစားပြီးမှ တင်ရင်တော့ အကောင်းဆုံးပဲ။ (၄) ဆိုရှယ်မီဒီယာမှာ ပြောတာနဲ့ လူချင်းတွေ့ပြောတာ မတူဘူး။ "ကျွန်တော်တို့ရဲ့ မျက်လုံးတွေဟာ တခြားသူတွေရဲ့မျက်လုံးဆက်သွယ်ထားတယ်" လို့ အိမ်ထောင်ရေးဆိုင်ရာတွေကို ရေးသားသူ စာရေးဆရာ Keith Miller က ပြောဖူးတယ်။ လူခြင်း မျက်နှာခြင်းဆိုင် ဆွေးနွေးတာက ပိုကောင်းပါတယ်။ (၅) Reaction ပေးရာမှာ သတိထားပါ။ Like တစ်ခုထဲ မဟုတ်ဘဲ Ha ha, Love, Angry, Wow ဆိုတဲ့ တခြားဟာတွေပါ ရှိလာတဲ့အတွက် သတိပြုဖို့ လိုပါတယ်။ သတိအပြုသင့်ဆုံးကတော့ Ha Ha ပါပဲ။ ဒီ ပိုစ့်လေးကိုနှစ်သက်ရင် ပြန်လည် Share ဖို့ Like ဖို့ မမေ့နဲ့နော် 😊😊 upupmm

A post shared by Myo Min (@myominm2n) on