နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသ ကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်း ယဉ် ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်မှုမရှိစေရေး ရှေးဟောင်းကန်များ ပြန်လည် ပြုပြင်ဆောင်ရွက် လျက်ရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် မြန်မာသက္ကရာဇ် ၄၅၀ ခုနှစ်၊ ခရစ်နှစ် ၁၀၈၈ ခုနှစ်၊ ပုဂံခေတ်ရှေးမြန်မာ မင်းများ လက်ထက်ကတည်းက ကျန်စစ်သားမင်းကြီး တည်ဆောက်ခဲ့သည့် မြကန် ရေလှောင်တမံသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်ခန်းမတွင် သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် မေလအတွင်း မိုခါ မုန်တိုင်းတိုက်ခတ်၍ မိုးရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရေကြီးရေလျှံမှုများနှင့် ရှေးဟောင်းဘုရားစေတီပုထိုးများ အတွင်းသို့ရေများဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊ ထိုသို့ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်လာရောက် စစ်ဆေး စဉ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှု ကြောင့် သမိုင်းဝင်အမွေအနှစ်များ ထိခိုက်ပျက်စီးမှုမဖြစ်စေရေး လိုအပ်သည်များ ကြို တင်ပြင်ဆင်ထားရှိရန် လမ်းညွှန်မှာကြားမှုအရ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ  အတွင်း သန့်ရှင်းသာယာလှပစေရေး၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်မှုမရှိစေရန် ရေတွင်း ရေကန်များ၊ ရေဝင်ရေထွက်လမ်းကြောင်းများအား လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှု များ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြကန်ရေလှောင်တမံဆိုင်ရာ အချက် အလက်များနှင့် ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် အခြေအနေ များ၊ မြကန်တမံအား ဘူမိရူပဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများအရ ရေစိမ့်ယိုမှုအနည်း ငယ်နှင့် ရေငွေ့ပျံမှုများပြားခြင်းတို့ကြောင့် ရေသိုလှောင်ထားနိုင်မှုနည်းပါးလျက်ရှိ သည်ကို တွေ့ရှိရသည့်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများနှင့် ရေဝင်လမ်း ကြောင်းများကို ရှင်းလင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။